နိုင်ငံများ၏ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း
ဆင်းရဲသောနိုင်ငံများက မည်သည့်အတွက်ကြောင့် ဆင်းရဲနေပြီး ချမ်းသာသောနိုင်ငံများက မည်သည့်အတွက်ကြောင့် ချမ်းသာနေသည်ဆိုသည့် အကြောင်းအရင်းအပေါ်၌ အသိပညာအလင်းရောင်အသစ်မပေါ်ထွက်သေးပါ။
ပေါလ်ဆင်မြူ၇ယ်လ်ဆင် (၁၉၇၆)
နိဒါန်း
၁၈၃၆ ခုနှစ် ဇွန်လတွင် နသန်ရို့စ်ချိုင်း (Nathan Rothschild) ဆိုသူသည် သူ့သား လီယို နယ်နှင့် သူ့တူမ (လီယိုနယ်၏ ညီမတစ်ဝမ်းကွဲတော်သူ ရှားလော့တ်) တို့၏ ထိမ်းမြားလက်ထပ်ပွဲ သို့တက်ရောက်ရန် လန်ဒန်မြို့မှ ဖရန်က်ဖုတ် (Frankfurt) မြို့သို့ ထွက်ခွာခဲ့သည်။ ထို့အပြင် နသန် ၏ကလေးများက မိသားစုစီးပွားရေးလုပ်ငန်းများအတွင်းသို့ ၀င်ရောက်ရန်အတွက် ညီအစ်ကိုများ နှင့် ဆွေးနွေးရန်အတွက်လည်း ယင်းကဲ့သို့ထွက်ခွာခဲ့ခြင်းဖြစ်ပေသည်။ ထိုအချိန်က နသန်သည် liquid assets ( ငွေသော်လည်းကောင်း ငွေအဖြစ် အလွယ်တကူအသွင်ပြောင်း၍ရသော အရင်းအနှီးများ) ပိုင်ဆိုင်မှု၌ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး လူတယောက်ဖြစ်နိုင်ခဲ့ပေသည်။ သူသည် သူအလိုရှိသည့်မည်သည့်အရာကိုမဆို ပြောစရာမလိုလောက်အောင်ပင် အကုန်အကျခံကာ ရယူရန် တတ်နိုင်ပေသည်။
၅၉ နှစ်အရွယ် နသန်သည် ကျန်းမာရေးလည်းအတော်ကောင်းသူတဦးဖြစ်ပေသည်။ စွမ်းအားးအပြည့်ရှိသူ အလုပ်ကိုအားသွန်ခွန်စိုက်လုပ်ရန် စိတ်ပိုင်းဖြတ်နှစ်မြုပ်ထားတတ်သူ အနိုင်မခံအရှူံးမပေးသည့် စိတ်ရှိသူတဦးဖြစ်ပေသည်။ သို့သော်သူလန်ဒန်မှ ထွက်ခွာသောအချိန်၌ သူ၏ကျောရိုးအောက်ခြေနားဆီသို့သွားသော နောက်ကျောအောက်ပိုင်း ယောင်ယမ်းသည့်ဝေဒနာ ကိုခံးစားနေရပေသည်။ (ဂျာမန်သမားတော်က အနာရောဂါစစ်ဆေးအကဲဖြတ်သတ်မှတ်သည်မှာ ၄င်းအနာအား အနာစိမ်း (boil) သတ်မှတ်ခဲ့ပေသည်။ သို့သော်၎င်းသည် ပြည်တည်နာ (abscess)
တခုဖြစ်နိုင်ခဲ့ပေသည်။ မည်သို့ဖြစ်ပါစေ နသန်သည် လူနာကုတင်မှ ထလာခဲ့ပြီး မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့ပေသည်။ သူသာလျှင် အနာရောဂါကြောင့်အိပ်ရာမှ မထနိုင်ဘဲ လှဲနေရမည်ဆိုပါက မင်္ဂလာဆောင်အား လန်ဒန်မြို့တွင်ပင် ကျင်းပဖြစ်ခဲ့မည်ဖြစ်ပေသည်။ သူသည် အနာရောဂါခံစား နေရသည့်အတွက် သူပြောသည်များကို သူဇနီးက လိုက်ရေးမှတ်ခြင်းအားဖြင့် သူ၏စီးပွားရေး လုပ်ငန်းများကို ဆက်လုပ်နေခဲ့ရသည်။ ယင်းသို့ရှိနေစဉ်တွင် အလွန်ထူးချွန်သောဆရာဝန် ဒေါက်တာထရာ့ဗာ့စ် (Dr Travers) ကိုလန်ဒန်မှ ဆင့်ခေါ်ကာ ကုသခဲ့သည်။ ထိုဆရာဝန်မှ ရောဂါကို မကုသနိုင်သောအခါ ခွဲစိတ်ကုဆ၇ာဝန်ခေါင်းဆောင်ဂျာမန်ဆရာဝန်တဦးကို ဆင့်ခေါ်ကာ အနာရောဂါကို ဖွင့်၍ ဆေးကြောခဲ့ပေသည်။ သို့သော မည်သည့်နည်းလမ်းမျှအရာမရောက်ခဲ့ဘဲ အဆိပ်သည်ပျံ့နှံ့သွားခဲ့ပြီး ၁၈၃၆ ခုနှစ် ဇွန်လိုင်လ ၂၈ ရက်နေ့တွင် နသန်ဆုံးပါးသွားခဲ့ပေသည်။ ရို့စ်ချိုင်းဆုံးသွားသောသတင်းစကား လန်ဒန်မြို့သို့ ပေးပို့ရောက်ရှိခဲ့ပေသည်။
နသန်ရို့စ်ချိုင်းဆုံးပါးသွားခြင်းမှာ staphylococcus or streptococcus (ရောဂါဖြစ်ပွားစေ သောကွင်းဆက်ပုံပိုးမျိုး) နှင့် ဆိုင်သည့် septicemia (သွေးအဆိပ်တက်ခြင်း) ကြောင့်ဖြစ်နိုင် ပေသည်။ အလွယ်တကူခေါ်ကြလေ့ရှိခဲ့သည်မှာ blood poisoning (သွေးအဆိပ်တက်ခြင်း) ပင်ဖြစ်သည်။ အသေးစိပ်အချက်အလက်များမရရှိခဲ့သည့်အတွက် အနာစိမ်း သို့မဟုတ် ပြည်တည်နာက သူကသတ်ခဲ့သလား ခွဲစိတ်ဓါးမှ ရရှိနိုင်သည့် ဒုတိယထပ်ဆင့်ရရှိသည့်ညစ်ညမ်းမှု သို့မဟုတ်အဆိပ်ကပဲ သူ့ကိုသတ်ခဲ့လေသလား ဆိုသည်ကို ခွဲခွဲခြားခြားပြောရန် ခက်ခဲပေသည်။ ပိုးမွှားဆိုင်ရာသီအိုရီ (germ theory) မပေါ်ပေါက်ခင် သန်ရှင်းမှု၏အရေးကြီးမှုအကြောင်းကို ကောင်းစွာမသိမြင်ခင် ယင်းကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပေသည်။ ဘက်တီးရီးယားများကိုသတ်သည့် အရာများလည်းကောင်းကောင်းမပေါ်ပေါက်သေး၊ ပဋိဇီဝဆေးဆိုသည်မှာ အနည်းအကျဉ်းမျှသာရှိ သေးသည့် အချိန်ကာလဖြစ်ပေသည်။ ယနေ့ကာလတွင် သာမန်လူတယောက်ပင် သူလုပ်ဆောင်နိုင်သည့်နည်းလမ်းများဖြစ်သည့် ဆရာဝန်ဆီသွားခြင်းဖြင့်၎င်း၊ ဆေးရုံ့သို့သွား ခြင်းဖြင့်လည်းကောင်း ယုတ်စွအဆုံး ဆေးဆိုင်များမှပင် ၀ယ်ယူရရှိနိုင်သည့်ဆေးဝါးတခုခုဖြင့်ကုသဖြင်းဖြင့်၎င်း တခုခုဖြင့် အလွယ်တကူကုသပျောက်ကင်းနိုင်သည့် သာမန်ကူးစက်တတ်မှုလေးတခုဖြင့် ထိုအချိန်က မည်သည့်အရာကိုမဆို ၀ယ်ယူနိုင်ပါသည်ဆိုသော သူဌေးကြီးတဥိး အသက်ဆုံး ပါးသွားခဲ့သည်၊
(နောက်တပတ်ဆက်လက်ဖေါ်ပြပါမည်၊)
Saturday, June 25, 2011
Subscribe to:
Posts (Atom)